Linux နှင့် သက်ဆိုင်သည့် အကြောင်းအရာများ မျှဝေလိုပါက (သို့)မေးမြန်လိုပါက http://forum.ubuntu4mm.org တွင် register လုပ်၍ မျှဝေ၊ မေးမြန်းနိုင်ပါသည် ခင်ဗျာ။

Sunday, November 15, 2009

How to Replace the Volume Control in Ubuntu 9.04

window7 တို့ vista တို့မှာလို volume control ကို သက်သက်စီ ခွဲထားချင်လား။ မခက်ပါဘူး။ လွယ်ပါတယ်။ လင်းနစ်မှာ ၀င်းဒိုးလုပ်သမျှ ကိစ္စ အကုန်လုပ်လို့ ရတယ်။ လင်းနစ် လုပ်သမျှသာ ၀င်းဒိုးက လိုက်မလုပ်နိုင်တာ။ :D

ကဲ စလိုက်ကြရအောင်။

ပထမဆုံး ရှိနေတဲ့ volume control လေးကို ဖြုတ်လိုက်ပါမယ်။

ပြီးရင် System -> Administration -> Synaptic Package Manager ကိုဖွင့်


Quick search ကနေ pulse ဆိုပြီး ရိုက်ထည့်။ ဒါဆိုရင် gnome-volume-control-pulse ဆိုတာလေးကို လွယ်လွယ်ကူကူ ရှာတွေ့ပါလိမ့်မယ်။ ရှာတွေရင် အဲဒါလေးကို အမှန်ခြစ် ခြစ်။


box တစ်ခု ပေါ်လာတဲ့အခါ apply လုပ်။


ဒါဆိုရင် သူ့ဘာသာ အင်စရော လုပ်သွားပါလိမ့်မယ်။


ဒါဆိုရင်တော့ ပြီးပါပြီဗျာ....

Ubuntu 9.10 on Windows with Wubi Installer



+ wibi နဲ့ အင်စရော လုပ်ရတာကတော့ ရေလည် လွယ်တယ်။ ဘာမှ မခက်ဘူး။ window လေးကနေ အခွေလေးထည့်။
+ ၀င်းဒိုးပေါ်ကနေ အင်စရော လုပ်မယ်ဆိုတာကိုရွှေး။
+ ပေါ်လာတဲ့ box လေးမှာ သင့်တော်သလိုတွေ ရေး။ installation size ကို 8GB လောက်ပေးလိုက်လို့ကတော့ ubuntu က ပျော်လွန်းလို့ ကနေလောက်ပြီ။ ဖြစ်နိုင်ရင်တော့ အနည်းဆုံး 5GB လောက် ထားပေးပါ။



+ ပြီးရင်တော့ install ကို နှိပ်။ သူဘာသာ လုပ်ချင်တာတွေ လုပ်သွားလိမ့်မယ်။
+ ပြီးလို့ restart လုပ်မယ်ဆိုရင် လုပ်ခိုင်းလိုက်။ ပြီးသွားပါပြီ ခင်ဗျာ။ မိတ်ဆွေတို့ အသုံးပြုချင်ပါတယ်ဆိုတဲ့ ubuntu ကို မိတ်ဆွေတို့ ကွန်ပျူတာမှာ အင်စရော လုပ်ပြီး သွားပြီ ဖြစ်ပါတယ်။ window ရော ubuntu ရော သုံးလို့ ရသွားပါပြီ။ Dual boot ပေါ့။

အဆင်မပြေတာရှိရင်တော့ forum.ubuntu4mm.org မှာ ပဲဖြစ်ဖြစ်၊ comment ကနေပဲ ဖြစ်ဖြစ် မေးမြန်နိုင်ပါတယ်။
(p.s - vista နဲ့ window7 မှာတော့ wibi နဲ့ တင်ရင် မရကြတာ များတယ်ဗျ။ အဲဒီအချိန်ကြရင်တော့ ၀င်းဒိုး တင်သလို အခွေထည့်ပြီး ဒီတိုင်းသာ တင်တော့ဗျာ...)

Thursday, November 12, 2009

Ubuntu Show@BAK

Linux OS,
Ubuntu Distro

Linux ဆိုတာဘာလဲ? Ubuntu ဆိုတာဘာလဲ? Linux နဲ့ Ubuntu ရဲ့ သမိုင်းကြောင်း။ ဘယ်လိုအသုံးချရလဲ၊ ဘယ်လို ရယူနိုင်လဲ? ဘယ်လောက် အသုံးဝင်လဲ?

အခမဲ့ရရှိနိုင်ပြီး၊ လွတ်လပ်လွယ်ကူစွာအသုံးပြုနိုင်သည့် Linux OS, Ubuntu Distro အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲအား အသုံးဝင်ပုံနှင့် အသုံးပြုပုံတို့အား ကိုယ်တိုင် Installation လုပ်ပုံလုပ်နည်း၊ Customization လုပ်နည်း (Windows Software များ/ Game/Effect များထည့်သွင်းခြင်း) လွယ်ကူစွာ အသုံးပြုနည်း ၊ အသုံးပြုရာတွင် ဖြစ်ပေါ်တတ်သည့် အခက်အခဲများ၊ စသည်တို့ကို သာမန်အသုံးပြုသူများ အဆင်ပြေစေနိုင်ရန် Presentation များဖြင့် ဆွေးနွေးခြင်း၊ လက်တွေ့ရှင်းလင်းပြသခြင်းများဖြင့် BAK Shopping Center တွင်ပြုလုပ်သွားမည်ဖြစ်ပါသဖြင့် မည်သူမဆို လာရောက်လေ့လာ ဆွေးနွေးနိုင်ပါကြောင်း (စိတ်ပါဝင်စားသူများအား Installation နှင့် Customization ပြုလုပ်ပုံအား ပြသပေးပြီး ကိုယ်တိုင် ဝင်ရောက် ပြုလုပ်နိုင်ပါမည်။)

Title: Ubuntu Free Show
Date: 21/22-11-2009 (Sat/Sun)
Time: 10:00 to 12:00 Am
2:00 to 4:00 Pm

Location: BAK Shopping Center
Promotion Area
Olympic Tower, 1 floor
Corner of Bo Aung Kyaw Rd And Mahar Bandoola Rd.
Kyauktadar Tsp. Yangon

post by - ကိုကိုရဲ


Copyright © 2009 Ubuntu For Myanmar